နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဇူလိုင်လ ၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂ ရက်နေ့ နေ့လည်တွင် နမ့်စန်မြို့နယ်အတွင်းရှိ နောင်စန့်-နောင်ဗို ကျေးရွာချင်းဆက်လမ်း ၈ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘတ်ဂျက်တွင်  ၃၅ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရန် လျာထားနေရာအားလည်းကောင်း၊ နားရိုင်း-ကုန်းမလမ်းမှ မောက်မယ် - ဆီဆိုင် လမ်းခွဲထိ ၁၆ မိုင် ၆ ဖာလုံတွင် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ဝန်ထမ်းများ၊ သင်တန်းသူများအား အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်းများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ဆက်လက်ထွက်ခွါလာရာ ကျိုင်းတုံမြို့နယ်၊ လွယ်မွေမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ညနေပိုင်းတွင်ရောက်ရှိပြီး ကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များမှာကြား၍ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာ‌ရေးကိရိယာများထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)နှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိ၍ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်တို့က ဒေသဖွံ့ဖြိုးရေးနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း၍ အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းများအတွက် ဝတ်စုံများ၊ ဦးထုပ်နှင့် ရှုးဖိနပ်များ၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာ‌ရေးကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံလမ်း ၃၃ မိုင် ၅ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းမှ ပန်မတ်ကျေးရွာသို့အဝင်လမ်း ၁၃ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းများသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လမ်းတံတားလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်ခံ့စေရန်အတွက် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ဆောင်ရွက်ပြီး လမ်းလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းရန် စီမံဆောင်ရွက်ရေး၊ လိုအပ်သောနေရာများတွင် ရေပြွန်နှင့် Box Culvert များ ထည့်သွင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload