နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃  ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀)နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ဝန်ထမ်းမိသားစုများက နမောတဿသုံးကြိမ်ပြိုင်တူ ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ နေပြည်တော်၊ ပျဉ်းမနားမြို့ အဂ္ဂမဟာပဏ္ဍိတ၊ မင်္ဂလာ ဇေယျုံပါဠိတက္ကသိုလ်စာသင်တိုက်ပဓါန နာယကဆရာတော် ဝိမလဗုဒ္ဓိ မဟာထေရ် အရှင်သူမြတ် ထံမှငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူတော်မြတ် တို့က ချီးမြှင့်သော ပရိတ်တရား တော်တို့ကို နာကြားကြသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
     ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ နေပြည်တော်၊ ပျဉ်းမနားမြို့ အဂ္ဂမဟာပဏ္ဍိတ၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်စာသင်တိုက်ပဓါန နာယကဆရာတော် ဝိမလဗုဒ္ဓိ မဟာထေရ် အရှင် သူမြတ် ချီးမြှင့်သော ကထိန်အနုမောဒနာတရားတော်ကို နာကြားကာ ရေစက်ချ လှူဒါန်းခဲ့ ကြကာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိတ်သတ်အားလုံးမှ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းသည်။
     ထို့နောက် သံဃာတော်အရှင်သူမြတ်(၁၈)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။