ဇူလိုင်လ ၁၈ ရက်
ငါးသယံဇာတများတိုပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်းရှိ တစ်ဖက်ပိတ်ဆည်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီးတို့က တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများ ဦးဆောင်စိုက်ထည့်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ၌ ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး အကောင်ရေ ၁၀,၀၀၀ အား တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။