နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

အောက်တိုဘာလ  ၃၁     ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သီတင်းသုံး နေထိုင်တော်မူကြသည့် သံဃာတော်များ၊ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းလျက်ရှိ ပါသည်။
ထိုသို့လှူဒါန်းလျက်ရှိရာနယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးသိန်းဌေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်၊ ဓမ္မာစရိယပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမ‌ဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။