နယ်စပ်ရေးရာဝန်ကြီးဌာနက ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ၊ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်း များသည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်ခရိုင် နမ့်ဖားရပ်ကွက် နမ့်ဖားပရဟိတ စာသင်တိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်‌တော်၊ ဆီ၊ ကုလားပဲနှင့် ဆွမ်း၊ ကွမ်း ဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

            နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်လေးမျိုး ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

Post Paragraph