နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၂

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ၌ သီတင်းသုံးလျက်ရှိသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပသာသနာပြုကြမည့် သံဃာတော် အရှင်သူမြတ် ၄၆၂ ပါးအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ကမ္ဘာအေးဘုရား မိုးကုတ် ဆွမ်းစားဆောင်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့် အညီ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph