လွိုင်ကော် အောက်တိုဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရှားတောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော် ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှားတောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက ရှားတောမြို့နယ် ဈေးပိုင်းရပ်ကွက်၊ မွေတော်ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Post Paragraph
Paragraph Images