နေပြည်တော် ဇန်နဝါရီလ ၂၄ ရက်၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရခိုင်ပြည်နယ် မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မော်တော်ယာဉ် (၁) စီးအား ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယနေ့မွန်းလွဲ (၃) နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။
Post Paragraph
Paragraph Images