နယ်စပ်ရေးရာဝန်ကြီးဌာသည် ရေနစ်မြှပ်ပျက်စီးခဲ့သော ဒေသများဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ် (အရှေ့) ကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စုများ၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းရွာ၊ ကျို့ပင်ကုန်းရွာ၊ ကံကြီးကျေးရွာတို့ရှိ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်တစ်တင်းခွဲအိတ် ၄၂ အိတ်၊ ဆီ ပိဿာ ၂၀၀၊ မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သည့် ဒန်အိုးအစုံ ၃၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ မနှင်းဆီကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ဘိုးဘွားရိပ်သာ ရေဘေးကယ်ဆယ်ရေးစခန်း နှင့် မဟာဇနကကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေးသင့် ပြည်သူများ အတွက် ဆန်တစ်တင်းခွဲအိတ် ၃၅ အိတ်၊ ဆီ ၄၇ ပိဿာ၊ ဆား ၁၅ ပိဿာ၊ စည်သွတ်ဘူး ၂၁၀၀၊ အဝတ်အထည် ၁၂၈ ထည်နှင့် ခြုံစောင် ၁၅၀ တို့ကိုလည်းကောင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း မိသားစုများက ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.