နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်  ဒီဇင်ဘာ  ၁၂

          နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦိးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း များ၌ သံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းသက်နှင့် ဝန်ထမ်းများသည် ကွန်ဟိန်းမြို့နယ် အောင်ရတနာသုခကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေးနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph