နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကျိုင်းတုံမြို့နယ် အောင်စင်္ကြာတပ်ဦးကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာ တော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို ယနေ့ နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းရှိ ကျိုင်းတုံမြို့ နယ်၊တာချီလိတ်မြို့နယ်၊ မိုင်းဆက်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။