နေပြည်တော် ဒီဇင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရး ဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၅၁ ရပ်ကွက် မြဝတီမင်းကြီး(၁) လမ်း၊ သီရိမင်္ဂလာမာဂဓကျောင်းတိုက်ရှိ ဆရာတော်၊သံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ကုလားပဲများကို ယနေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်လက်လှူဒါန်း ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
Post Paragraph
Paragraph Images