
နေပြည်တော် မတ်လ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တပ်ကြီး-ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း ၃ မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ရှစ်ရွာမှ လူဦးရေ ၅၉၇၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ပျော်ရွှင်ဝမ်းမြောက်လျက် ရှိသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃မိုင် ၄ဖာလုံ၊ ကျောက်လမ်း၂၀ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပြင်ထိန်း ၄ မိုင်၊ ကတ္တရာ လမ်း ၄မိုင်၊ ကတ္တရာထပ်းပိုးလွှာလမ်း ၁၁မိုင် ၃ ဖာလုံ၊ ကွန်ကရစ်လမ်း၃ မိုင် ၇ဖာလုံ၊ ကွန်ကရစ် တံတား ရှစ်စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ ကျောက်စီရေမြောင်း ပေ ၁၅၀၊ မြေပြိုဖယ်ရှားခြင်း ၅မိုင် ၆ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂မိုင်၂ဖာလုံ၊ ပညာရေး လုပ်ငန်းနှစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်းရှစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်း ခြောက်ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်းခြောက်ခုအား စုစုပေါင်းခွင့်ပြု ရန်ပုံငွေကျပ်၁၂၈၆၂ ဒသမ ၂၁၅ ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။







