
ဧပြီလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (မြန်မာနှစ်ဆန်းတစ်ရက် နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် နှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်ဇနီးများ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူး များနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁၀,၀၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။