နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေ လှူဒါန်းမှုပြုလုပ်

နေပြည်တော်၊ မေလ ၁၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ဂါလန် (၂၀၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းလျက်ရှိရာ မေ (၉) ရက်တွင် ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းကျေးရွာနှင့် ပုပ္ပသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာတို့သို့ ရေဂါလန် (၂၀၀၀) စီ၊ မေ (၁၁) ရက်တွင် ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာသို့ ရေဂါလန် (၂၀၀၀) နှင့် တောင်သာကျေးရွာသို့ ရေဂါလန် (၆၀၀၀)၊ စုစုပေါင်း ရေဂါလန် (၁၂၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

          အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ကလည်း ဂါလန် (၈၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ငါ့တရော်ဘူတာရွာသို့ မေ (၁၀) ရက်တွင် ရေဂါလန် (၈၀၀)၊ မေ (၁၁) ရက်တွင် ရွာသစ်ရွာသို့ ရေဂါလန် (၈၀၀) ကိုလည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်ကလည်း မေ (၉) ရက်တွင် စစ်ကိုင်းမြို့နယ် အုန်းတောမြောက်ရွာသို့ ရေဂါလန် (၈၀၀)၊ မေ (၁၀) ရက်တွင် ထန်းတောရွာ ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် (၁၆၀၀)၊ မေ (၁၁) ရက်တွင် ထန်းတောရွာသို့ ရေဂါလန် (၃၂၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ရေဂါလန် (၇၂၀၀) ကို လှူဒါန်း ဖြန့်ဝေပေးခဲ့သည်။ မိုးမကျမီကာလအထိ ရေရှားပါးသည့်ကျေးရွာများသို့ ဆက်လက် ရေလှူဒါန်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။