နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာသာမဏေများအတွက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် မြောက်ရွာရပ်ကွက်၊ ပခုက္ကူ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တအဂ္ဂဝံသ ထံသို့ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်း မိသားစုများမှ ဆန် ခြောက်အိတ်၊ ဆီ ၁၅ ပိဿာ၊ ကုလားပဲ ၁၇ ပိဿာ စသည့် လှူဒါန်း ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။