နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီတို့က ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားများ ပေးအပ်ချီးမြှင့်

     ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။
    စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက စတင် ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ‌ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ကျော်တို့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ကာ မေယုလမ်းတစ်လျှောက် ထိုမှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ကြသည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီတို့က ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အခြေခံစားကုန်များကို ပေးအပ်ချီးမြှင့်ကြသည်။
    ထိုသို့ဝန်ထမ်းများအတွက် အခြေခံစားကုန်များ ချီးမြှင့်‌ပေးအပ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် ဆန်အိတ် ၁၀၀၊ ပဲ ပိဿာ ၁၀၀၀၊ ဆား ပိဿာ ၁၀၀၊ ဆီ ပိဿာ ၂၅၀ နှင့် စည်သွတ်ဘူး ၅၀၀ တို့ဖြစ်ပြီး သူရိယစန္ဒာဝင်း ကုမ္ပဏီက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ကြက်သားစည်သွတ်ဘူး ၂၆၄၀၊ ကြက်သွန်နီ ပိဿာ ၂၂၅၀၊ ကြက်သွန်ဖြူ ၃၁၈ ပိဿာ၊ ငရုတ်သီးခြောက် ပိဿာ ၄၀၀၊ မာမားခေါက်ဆွဲထုပ် ၁၈၀၀၀၊ ကြာဆံ ၁၀၉ အိတ်နှင့် ရွှေကျီး ကိတ်ခြောက်၂၀၀၈ ထုပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 

Post Paragraph