နေပြည်တော် ဇန်နဝါရီလ ၂၆ ရက်၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှသိန်းသည် တာဝန်ရှိသူများလိုက်ပါလျက် (၂၆-၁-၂၀၁၇) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တလိုင်းအိုင်-သပြေညွန့်ကျေးရွာချင်းဆက်လမ်း (၃/၃) မိုင် ကျောက်ချော လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် အဖွဲ့သည် လမ်းလုပ်ငန်းများ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မိမိတို့ ကျေးရွာများအတွက် သွားလာရေးအဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် လမ်း/တံတားများ ပြီးစီးပါကလည်း ရေရှည်တည်တဲ့ခိုင်မြဲအောင် ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ပါသည်။