ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မေ ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့်   ဆောင်ရွက်လျက်ရှိသော   တောင်ကြီးခရိုင်  ဖယ်ခုံမြို့နယ်   ရီနွဲ့ကျေးရွာအုပ်စုတွင်   ဆောင်ရွက်လျက် ရှိသည့် လအိ-စိန်မော့ မြေသားလမ်း ၄/၀ မိုင်အနက် ၃/၀ မိုင် ကျောက်ခင်းပြီး   ကျန် ၁/၀ မိုင် အပြီးသတ် ကျောက်ခင်း ခြင်းလုပ်ငန်းနှင့် လအိ-စိန်မော့-ယန်းယော-လန်းကော-ဘူးဗြ-ဆောင်ဒူ-တိုတန် ၁၉/၀  မိုင် အနက် ၃/၀ မိုင် မြေသားလမ်းဖောက်လုပ်ခြင်း     လုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးသည်။

            အဆိုပါလမ်းများ ဆောင်ရွက်ပြီးစီးပါက ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းဒေသများ၌ ဒေသထွက်ကုန်သီးနှံများ အလွယ်တကူ   သယ်ယူပို့ဆောင်နိုင်မည်ဖြစ်၍ ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကာ လန်းကောကျေးရွာ၌ တည်ရှိသည့် လန်းကောရေတံခွန်သို့လည်း ခရီးသွား ပြည်သူများ အလွယ်တကူ လာရောက်အပန်းဖြေနိုင်မည် ဖြစ်သဖြင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးကိုလည်း   တစ်ဖက်တစ်လမ်းမှ   အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။    

   သတင်းစဉ်