နေပြည်တော် အောက်တိုဘာလ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.ToneTinnes သည် ယနေ့ညနေ (၄) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ များရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား နော်ဝေနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူမှုအသိုက်အဝန်းများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်လည်နေရာချထားပေး နေမှု အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တို့၏ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း ၍ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့ အစည်းများ ဖျက်ဆီးခဲ့သည့် အခြေခံအဆောက်အဦများ၊ လမ်း/တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာ တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့ အစည်းများပါဝင်ပြီး ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.