ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဇူလိုင်လ  ၁၁   ရက် 
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Japan Myanmar Association (JMA) တို့ ပူးပေါင်းဖွင့်လှစ်မည့် သင်တန်းများအတွက် ကြိုတင် ပြင်ဆင်ထားရှိမှု၊  စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး သင်တန်းများအတွက် ကြိုတင်ပြင်ဆင် ထားရှိသည့် စာသင်ခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်မှု များအား   ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ပရဟိတ (ကျားကျောင်း) နေရာဟောင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းခွဲသို့ ရောက်ရှိ၍ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိရမည့် ကိစ္စရပ်များအား မှာကြားပြီး ကျောင်းဝန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ‌ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃) အတွင်း ငါးမွေးမြူရေးကန်များ ဆောင်ရွက်ထားရှိသည့် အခြေအနေ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥစားကြက်မွေးမြူရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ  မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
 

video-upload