ရေး၊ မေ ၄
မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲကို ရေးမြို့နယ်(ခေတ္တ) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ ရေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အိအိစန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထား ရှိမှုများနှင့် သင်တန်းကာလကို မေ ၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ သင်တန်းသူ ၂၅ ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေးမြို့နယ်(ခေတ္တ) တပ်နယ်မှူးက သင်တန်းသူများအတွက် အလှူငွေ ချီးမြှင့်ပေးပြီး သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသပေးမှုကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။