ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံကျေးရွာချင်းဆက်မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

ဒီဇင်ဘာ ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာ ရေဖြူမြို့နယ်၊ အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံ ကျေးရွာချင်းဆက်မြေသားလမ်း ၁၅ မိုင်အနက် ၈ မိုင် (အပြီးသတ်) အမာခံခင်းခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၂၂ ဒသမ ၂၂၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိှိည်။

Post Paragraph