နေပြည်တော် မေလ ၁၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ညနေ (၁၆:၀၀) နာရီချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ မြောက်လွှတ်ကုန်းရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ယာဉ်၊ယန္တရားများထားရှိသည့် သိုလှောင်ရုံသို့ သွားရောက်၍ ရေရှားပါးသည့် ဒေသများတွင် ရေတွင်း၊ ရေကန်များ တူးဖေါ်ရေးအတွက်ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှု အခြေအနေနှင့် စေလွှတ်မည့် အစီအမံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ ရေရှားပါးသည့် ဒေသများတွင် ရေတွင်း၊ ရေကန် (၁၀၀) ကိုဒေသခံပြည်သူများ၏ တင်ပြချက်နှင့်အညီ တူးဖေါ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။