ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဇန်နဝါရီလ ၂၂ ရက်

             နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည်  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၁၇၇.၆၆၄ သန်းဖြင့်  ကျောက်တော် မြို့နယ်၊ ခေါင်းတုတ်ကျေးရွာအဝင်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့် ရရှိကြောင်း သိရသည်။

             ခေါင်းတုတ်ကျေးရွာအဝင်လမ်းသည် ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးမှ ခေါင်းတုတ်ကျေးရွာ သို့ ဆက်သွယ်ထားသည့် လမ်းအရှည် ၂/၄ မိုင်ရှိလမ်းပိုင်းဖြစ်ပြီး ၁/၄ မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ကျောက်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ကျန် ၁/၀ မိုင်အား ၁၂ ပေ အကျယ် ၁၂ လက်မ ထု ကျောက်ချောလမ်းခင်းခြင်းဆောင်ရွက် နေသည်ကို  မြောက်ဦးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေး နှင့်အဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ  လုပ်ငန်း ၉၀% ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

             အဆိုပါ ခေါင်းတုတ်ကျေးရွာအဝင်လမ်း  ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၂၆၀၁)၊ လူဦးရေ (၁၅၉၄၄)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  လမ်းပန်း ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျှက် ကျောက်တော်မြို့တွင်းသို့ ရာသီမရွေးသွားလာနိုင်တော့မည်ဖြစ်ပါသည်။

Post Paragraph