ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ကျောက်ခင်းခြင်းလုပ်ငန်းများပြီးစီး

ကလော ဒေသဖွံ့ဖြိုးရေး
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် ရပ်ကွက် (၈) မှ တာယော-ရွာသစ်-ညောင်ကုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာ-တောင်ပဲ့ ကျေးရွာသွားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူ ဦးရဲလွင်ဦးထံမှ သိရသည်။
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်ရပ်ကွက် (၈) မှ တာယော-ရွာသစ်-ညောင်ကုန်း-ရွှေမင်းဖုန်းဘုရား-အလယ်ရွာ-ဆော်တောရွာတောင်ပဲ့ကျေးရွာသွားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၆ ဒသမ ၀၈ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါလမ်းတစ်လျှောက်ရှိ ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
    ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၀၇၀၉ ဒသမ ၇၉၁ သန်းဖြင့် မြေလမ်း ၂၉/၄ မိုင်၊ ကျောက်လမ်း ၃၃/၇ မိုင်၊ ကတ္တရာ ထပ်ပိုးလွှာလမ်း ၁၇/၄ မိုင်၊ ကတ္တရာလမ်းသုံးမိုင်၊ ကွန်ကရစ်လမ်း ၀/၂ မိုင်၊ အမာခံလမ်း ၆/၇ မိုင်၊ ကွန်ကရစ်တံတားတစ်စင်း၊ ဘေလီတံတားသုံးစင်း Box Culvert ၁၂၆ စင်း၊ မြေထိန်းနံရံနှစ်ခု၊ ကျောက်စီရေမြောင်း ပေ ၆၆၀၊ ရေရရှိရေးလုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်း ၁၁ ခု၊ မီးသွယ်တန်းခြင်းလုပ်ငန်းနှစ်ခု၊ ဆိုလာ ၄၈၇ စုံ၊ သာသနာရေးလုပ်ငန်း ငါးခု၊ ဦးစီးဌာနလုပ်ငန်း ငါးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။