နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးများ စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုး တိုးတက် စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-ကွန်ချိုး-ဟိုနမ့်-ဝမ်ပိန်း ၁၁/၀ မိုင်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ၀/၄ မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက လမ်းနှင့်ပတ်သတ်၍ ရှင်းလင်းပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကတ္တရာခင်းမည့်လမ်း ကျောက်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းကို ၂၀၂၄-၂၀၂၅ ပြည်နယ်ရန်ပုံငွေခွင့်ပြုငွေကျပ် ၁၂၃ ဒသမ ၄၇၀ သန်းဖြင့် ဇူလိုင် ၁ ရက် မှစတင်၍ Htut Brother ကုမ္ပဏီက ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြီးစီးမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်စန်ခရိုင်၊ မိုးနဲမြို့ရှိ၊ မိုးနဲဟော်နန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ ဦးစိုင်းမောင်ကြီးက မိုးနဲဟော်နန်း သမိုင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းအဆောက်အအုံ ဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းပေးကြရန်နှင့် ပျက်စီးနေသည့်နေရာများကို ပြန်လည် ပြုပြင် ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားကာ ဟော်နန်း၊ ကြေးနွားရုပ်တုနှင့် တံခွန်တိုင် ကုက္ကား တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက်ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း ဆောင်ရွက်နေမှုများကို ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကို အရည်အသွေးကောင်းမွန်ပြီးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းဆောင်ရွက်မည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းနှင့် ပတ်သတ်၍ တာဝန်ယူ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများရှိပါက တင်ပြပေးကြရန်မှာကြားပြီး လမ်းဆောင်ရွက်မည့် နေရာကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
အဆိုပါ လင်းခေး-ပုန်းထွန်ကျေးလက်လမ်းမှ လင်းခေးဒေသထွက် အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် နေကြာတို့ကို သယ်ယူပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းအရှေ့ (အလယ်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images