ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြဝတီမင်းကြီး (၁)လမ်း (၅၁)ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ မဏိရတနာကျောင်းရှိ ရဟန်း၊ သံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို သွားရာက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
 

Post Paragraph