သရက်၊ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များအသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဇူလိုင်လ ၂၂ ရက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းနေအရွယ်မှစ၍ စည်းကမ်းရှိရှိပြုမူနေထိုင်တတ်ပြီး ပညာကို ကြိုးစားသင်ယူတတ်စေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်မှသာ မိမိရပ်ရွာနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကာ စာပေ ဖတ်ရှုသည့် အလေ့အထကောင်းများကိုလေ့ကျင့်ပြီး စာဖတ်ကြရန်နှင့် အားကစားစိတ်ဓာတ် ကောင်းများ မွေးမြူပြီး ကျန်းမာသန်စွမ်းအောင်လေ့ကျင့်ကြရန် ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဇော်ထက်(သရက်)