နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် Swiss Agency for Development and Cooperation- SDC တို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၆.၆၄၃ သန်းသုံးစွဲ၍ ကရင်ပြည်နယ် ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးမြို့နယ်များနှင့် မွန်ပြည်နယ် ရေး၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ သထုံမြို့နယ်များတွင် စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းသုံးပရိဘောဂများ ပံ့ပိုးခြင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲပြုပြင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်း၊ ရေတွင်းဟောင်းများ ပြုပြင်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေစစ်ပုံးများပံ့ပိုးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းပေးခြင်း၊ ရွာတွင်း တံတားငယ်နှင့် ရေမြောင်းများ ပြုပြင်ခြင်း၊ ရေသန့်စက် ပံ့ပိုးခြင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။