နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း၊ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့် ဝန်ထမ်းများက မြိတ်မြို့နယ် နိဂြောဓါရုံပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော် လေးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၁၀ ပိဿာ စသည်တို့ကို ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဦးသုဒတ္တထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images