တန့်ယန်းမြို့နယ် လုံမုံကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်း ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

    ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် လုံမုံကျေးရွာအုပ်စု ကျေးရွာချင်းဆက် ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သည်။
    အဆိုပါ လုံမုံကျေးရွာအုပ်စု ပန်မောင်- ကုန်းကော်-ဟွေပူ- ပါဖန်- လုံတွေ- နမ့်ပိန်- နမ့်ပတ်- ကွန်ဟုန်း- တော်လောက် ကျေးရွာချင်းဆက်လမ်း ၁၁/၇ မိုင်ပေါ်တွင် ၅/၂ မိုင်အား ဗြုန်းကျောက် ခင်းခြင်း လုပ်ငန်းကို ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၃၂၃ ဒသမ ၀၂၀ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည့် အတွက် လုံမုံကျေးရွာအုပ်စု၊ ဟိုမန်းကျေးရွာအုပ်စုနှင့် လွယ်စေးကျေးရွာ အုပ်စုအတွင်းမှ တောင်ပေါ် ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ အနီးအနားရှိ ကျေးရွာပေါင်း ၁၅ ရွာကို တိုက်ရိုက်အကျိုးပြုနိုင်သည့်လမ်း ဖြစ်ကြောင်းသိရသည်။
 

Post Paragraph