Welt Hunger Hilfe - WHH နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် ဂျာမဏီနိုင်ငံ အခြေစိုက် Welt Hunger Hilfe - WHH တို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စီမံကိန်း အဆင့် ၂ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၄.၆၅၆ သန်း သုံးစွဲ၍ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် သင်တန်းများ ပေးခြင်း၊ ပျိုးပင်များ ဖြန့်ဝေပေးခြင်း၊ စပါးဘဏ်ထူထောင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး သင်တန်းများ၊ ကျန်းမာရေးအတွက် လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးခြင်းလုပ်ငန်းများအား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။

planing planning

စီမံကိန်းပထမအဆင့်အနေဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၁.၆၀၈ သန်း သုံးစွဲ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ နမ္မတူ၊ နောင်ခစ်၊ မန်မန်ဆိုင်မြို့နယ်များတွင် ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက် လုပ်ခြင်း၊ လူထုခန်းမဆောက်လုပ်ပေးခြင်း၊ လမ်းပြုပြင်ပေးခြင်း၊ အိမ်သာဆောက်လုပ် ပေးခြင်း၊ စပါးဘဏ်ထူထောင်ပေးခြင်း၊ ဆန်ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ ခြင်း၊ မျိုးစေ့များ ဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးနည်းစနစ်သင်တန်းများ ပေးခြင်း လုပ်ငန်းများအား လည်းကောင်း၊ စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.၀၄၈ သန်း သုံးစွဲ၍ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ မန်တုံ၊ နမ့်ခမ်း မြို့နယ် များတွင် ရေချိုးဆိပ်များ ပြုလုပ်ပေးခြင်း၊ စာသင်ကျောင်းဆောက်လုပ်ခြင်းနှင့် ကျောင်းသုံး ပရိဘောဂများ ပံ့ပိုးခြင်း၊ ကျေးရွာဘက်စုံသုံး အဆောက်အဦဆောက်လုပ်ခြင်း၊ ယင်လုံ အိမ်သာများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးသုံးကိရိယာများထောက်ပံ့ခြင်း၊ မျိုးစေ့များ ဖြန့်ဝေခြင်း လုပ်ငန်းများ အား လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph