World Vision နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် World Vision တို့ပူးပေါင်း၍ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းအဆင့် ၃ ဆင့်ဖြင့် အမေရိကန်ဒေါ်လာ ၅.၅၂၅ သန်း သုံးစွဲ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဝင်ငွေရ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာ ဖူလုံရေး လုပ်ငန်းများအား ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကရင်ပြည်နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

planing planning

စီမံကိန်း ပထမအဆင့်အနေဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၀.၆၅၅ သန်း သုံးစွဲ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၊ ကုန်ကြမ်း ဒေသ နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်များတွင် ရေရရှိရေးလုပ်ငန်းများ၊ ဝက်/ဆိတ်/နွားများ ထောက်ပံ့ပေးခြင်း၊ မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ ဓါတ်မြေဩဇာ များ ပံ့ပိုးခြင်း၊ စားနပ်ရိက္ခာများ ပံ့ပိုးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စာသင်ကျောင်း များ ဆောက်လုပ်ခြင်း၊ ကျောင်းအိမ်သာ ဆောက်လုပ်ခြင်း၊ စာရေးကိရိယာများ ပံ့ပိုးခြင်း၊ လမ်းသစ်များ ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ စီမံကိန်း ဒုတိယအဆင့် အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁.၆၉၀ သန်း သုံးစွဲ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၊ ကရင်ပြည်နယ် ဘားအံနှင့် လှိုင်းဘွဲမြို့နယ်တို့တွင် အခြေခံကျန်းမာရေး အသိပညာပေး သင်တန်းများခြင်း၊ စံပြအိမ်သာဆောက်လုပ်ခြင်း၊ စက်ရေတွင်းတူးဖော်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းများ ပေးခြင်း၊ လူကုန်ကူးမှု ကာကွယ်ရေးဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းများအား လည်းကောင်း၊ စီမံကိန်း တတိယအဆင့်အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.၁၈၀ သန်းသုံးစွဲ၍ အသိပညာပေး ဆွေနွေးခြင်း၊ ကျေးရွာလူထုဖွံ့ဖြိုးရေး စွမ်းရည်မြှင့်သင်တန်းများ၊ ပညာရေးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ အသေးစား စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုး/မွေးမြူရေးသင်တန်းများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ လျော့ချရေး သင်တန်းများအား လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Post Paragraph