March 2024
ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသမှ ဒေသထွက် စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရာတွင် အရေးကြီးသည့် ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလျက်ရှိသော ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၈၅ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
နန်းယွန်း-ပန်ဆောင် လမ်းပိုင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နန်းယွန်း-ပန်ဆောင်လမ်းပိုင်းတွင် လမ်းသား ပြတ်ကျခြင်းနှင့် Box Culvert တစ်စင်း မြေကာနံရံ တစ်ဖက်လဲကျပြီး လမ်းသားပြိုကျပျက်စီးခဲ့သည်။
ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းစားဆောင် ဆောက်လုပ်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၉ ဒသမ ၂၄၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော ကချင်ပြည်နယ် ပူတာအိုမြို့ ဟိုခိုဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ယခုအခါရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
လှိုင်းဘွဲမြို့နယ်၌ ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၀/၇ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီ ၂၃ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်သည်။
အဆိုပါ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေ ၅၉၅ အိမ်၊ အိမ်ထောင်စု ၆၂၀၊ လူဦးရေ ၃၀၅၈ ဦးတို့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။