ကျိုင်းတုံမြို့နယ် ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ ၅၀၉ သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာ ကျေးရွာချင်းဆက်လမ်း ၇/၂ မိုင်အနက် ၅/၁ မိုင် ဆောင်ရွက်ပြီး ကျန် ၂/၁ မိုင်အား မူလလမ်း ၁၀ ပေအကျယ်မှ ၂၆ ပေအကျယ် မြေသားလမ်းတိုးချဲ့ခြင်း၊ ဖြုန်းခင်းခြင်းနှင့် Box Culvert ခုနစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများက မတ် ၈ ရက်တွင