ဟိုပန်မြို့နယ်၊ ကျယ်ပန်ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၆၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ကျယ်ပန် ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါးကျေးရွာချင်းဆက်လမ်း ၇မိုင်အနက် ၁ မိုင် ၄ ဖာလုံကျောက် ခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း ဟိုပန်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။