ချီဖွေမြို့နယ် ၄-မိုင်တပ်စခန်း-စုစည်း-တောင်သုံးလုံး-မက်လင်ကော့လမ်း ၁ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁၀ ဒသမ ၆၀၂ သန်းဖြင့် ကချင်ပြည်နယ် ချီဖွေမြို့နယ် ၄-မိုင်တပ်စခန်း-စုစည်း-တောင်သုံးလုံး-မက်လင်ကော့လမ်း ၁ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
standard