ဆိုလာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်း လွှဲပြောင်းပေးအပ်

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ရက်              
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့် သည်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ မုန်းပြင်ကျေးရွာအုပ်စု၊ မိုးပြေကျေးရွာတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းအား ကျေးရွာလုပ်ငန်းထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာနေပြည်သူများအနေဖြင့် ရေရှည် အသုံးပြုနိုင်သော သောက်သုံးရေရရှိရေးစနစ်ဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
    အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ယခင်ကသောက်သုံးရေ လုံလောက်စွာ မရရှိခဲ့သည့် မိုးပြေကျေးရွာရှိ အိမ်ထောင်စု(၉၈)စုအား သောက်သုံးရေ ဖူလုံစွာရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

Post Paragraph