နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် (ကတ္တရာ၊ ဆိုလာမီးတိုင်၊ 100W ဆိုလာ၊ ကွန်ပျူတာ၊ ဘေလီသံဘောင်) တင်ဒါဖွင့်ပွဲအခမ်းအနားများကျင်းပပြုလုပ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (ကတ္တရာ - ၁၀၀၀တန်၊ ဆိုလာမီးတိုင် - ၆၀၀တိုင်၊ Computer + Printer + UPS အပါအဝင် တွဲဖက်အသုံးပြုရန် မီးစက် - ၂၀၀ စုံ၊ ဘေလီသံဘောင် - ၂၀၀ ပေ၊ 100W ဆိုလာ - ၁၀၀၀စုံ) တင်ဒါဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉:၃၀) အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် အဖွဲ့ဝင်များ မြန်မာနိုင်ငံသား တိုင်း