နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ သြဂုတ် ၂၄
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တာ၀န်ရှိသူများ လိုက်ပါလျက် (၂၀-၈-၂၀၁၈)ရက်နေ့မှ (၂၃-၈-၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအတွင်း)ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (BAJ အဖွဲ့) တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁) သန်းဖြင့် စာသင် ကျောင်း (၈၀) ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဂျပန်နိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊  သြဂုတ် ၂၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA သည် ယနေ့နံနက် (၁၁) နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ သြဂုတ်လ ၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၀
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Advisory Mission Leader ဖြစ်သူ Mr. Minoru YOSHIDA နှင့် JICA (မြန်မာ) ရုံးမှ Coordinator ဖြစ်သူ ဦးတင်မောင်ကြီးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၆
          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇေယျာအောင်မြေလမ်းနှင့် လှရွှေစင်လမ်းထောင့် (NRPCရုံးအနီး)တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ 6U 4S (3-BED) အဆောက်အဦအသစ် (၁)လုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးတို့ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်    ဇူလိုင် ၂၄
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa သည် ယနေ့မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး Ms. Cun Min ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။

standard