နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် မွန်ပြည်နယ်အတွင်းရှိ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ရေး၊ ကျိုက်မရောမြို့နယ်များ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး
နေပြည်တော် ဧပြီ ၂၉ရက်
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ တာ၀န်ရှိ သူများ လိုက်ပါလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် တာချီလိတ်မြို့နယ် များအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား(၂၇-၄-၂၀၁၈)ရက်နေ့မှ (၂၉-၄-၂၀၁၈)ရက်နေ့အထိ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက အင်းတော်ကြီး/မန်ဝယ်ဒေသမှ ခေတ္တတိမ်းရှောင်မိသားစုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
နေပြည်တော်၊ ဧပြီ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မန်ဝယ်ဒေသမှ နယ်မြေလုံခြုံရေး အခြေအနေအရ ခေတ္တတိမ်းရှောင်မိသားစုများသည် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်၍ ၎င်းတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး-ငါ့တရော် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
နေပြည်တော်၊ ဧပြီ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၉-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဖောက်လုပ်ပြီးစီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး-ငါ့တရော်ကျေးရွာသို့ ဆက်သွယ်သည့် (၁/၂) မိုင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။