ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်းပူးတွဲ ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၅
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အစားထိုး သီးနှံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ပဉ္စမအကြိမ် စီမံကိန်း ပူးတွဲညှိနှိုင်း ရေးကော်မတီအစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင်လ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မစ္စယန်ဟီလီ လာရောက်တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
နေပြည်တော်၊ ဇူလိုင်လ ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၀၇:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနဝန်ထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၁၀-၇-၂၀၁၇)ရက်နေ့မှ (၁၃-၇-၂၀၁၇)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ကသာ၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော်၊ ဇူလိုင်လ ၉ ရက်
အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စု၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင်လ ၈ ရက်
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၇-၇-၂၀၁၇) ရက်နေ့မှ (၈-၇-၂၀၁၇) ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စုသို့ ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလာရောက်တွေ့ဆုံ
နေပြည်တော်၊ ဇူလိုင်လ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi သည် ယနေ့ညနေ (၄) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။