သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၁
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိမိတို့ ရုံးပတ်ဝန်းကျင် သန့်ရှင်းပြီး စနစ်တကျရှိနေမှုကို ပိုမိုထိန်းသိမ်းနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ခြင်းလုပ်ငန်းကို ပျော်ပျော်ပါးပါး ဆောင်ရွက်ခဲ့ကြသည်။ ယင်းလှုပ်ရှားဆောင်ရွက်မှုများကို ဒုတိယဝန်ကြီးနှင့် အဖွဲ့က လိုက်လံကြည့်ရှု၍ ဂုဏ်ယူစွာ အားပေးခဲ့သည်ကို မှတ်တမ်းတင်အပ်ပါသည်။
    “သောကြာနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းစဉ်ကို ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြပါစို့”

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ချင်းပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာလ ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ချင်းပြည်နယ်ဝန်ကြီးချုပ်    ဦးဆလိုင်းလျန်လွယ်၊  ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက်  ဒီဇင်ဘာလ(၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်၊ ရိခေါဒါရ်မြိုနယ်များသို့ သွားရောက်၍  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ  ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက်  ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ စုဖွဲ့သိုလှောင်ထားရှိသည့် ယာဉ်/ယန္တရားများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu နှင့်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရောဂါ ဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၈

          နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ချောင်းဆိုး၊ ရင်ကြပ်ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နန်းယွန်း မြို့နယ်၊ ရန်နောနုတ်ညိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

standard