နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အဝဆောင် ရွက်ပေးထား၊ နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်
စစ်တွေ အောက်တိုဘာ ၁၉
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမတွင် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများနှင့် လူမှုကွန်ယက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ သက်ဆိုင်ရာဌာန အသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့် မှုကြောင့်နေရပ်မှခေတ္တစွန့်ခွာလာသူများ မိမိနေရပ်သို့ အေးချမ်းလုံခြုံစွာ ပြန်နိုင်ရန် စီမံဆောင်ရွက်
စစ်တွေ အောက်တိုဘာ ၁၉
မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ မိမိတို့သက်ဆိုင်ရာ ဌာနအသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှု ကြောင့် နေရပ်မှခေတ္တစွန့်ခွာလာသူများ နေရပ်သို့ အေးချမ်းလုံခြုံစွာဖြင့် ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သော စီမံမှုများဆောင် ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက စစ်တွေမြို့ ပြည်နယ် အစိုးရဧည့်ရိပ်သာ အစည်းဝေးခန်းမတွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် မောင်တောမြို့ရှိ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မောင်တောမြို့ပေါ် အနီးဝန်းကျင် ရပ်ကွက်ကျေးရွာ အုပ်စုရှိ အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံ
မောင်တော အောက်တိုဘာ ၁၂
စစ်တွေမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ် သန်းထွဋ်၊ ဦးခင်မောင်တင်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန် ရေယာဉ်ဖြင့် ထွက်ခွာရာ ညနေ ၃ နာရီခန့် တွင် ဘူးသီးတောင်မြို့ သို့ရောက်ရှိပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ မောင်တောမြို့သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၈-၉-၂၀၁၆) ရက်နေ့မှ (၂-၁၀-၂၀၁၆) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr. Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ထိုင်းနိုင်ငံ တရားရေး ဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr . Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။