နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေ လှူဒါန်းမှုပြုလုပ်

နေပြည်တော်၊ မေလ ၁၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့ ဂါလန် (၂၀၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းလျက်ရှိရာ မေ (၉) ရက်တွင် ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းကျေးရွာနှင့် ပုပ္ပသီရိမြို့နယ် ဖတ်တဲကုန်းကျေးရွာတို့သို့ ရေဂါလန် (၂၀၀၀) စီ၊ မေ (၁၁) ရက်တွင် ပျဉ်းမနားမြို့နယ် ဇီးရိုင်းကျေးရွာသို့ ရေဂါလန် (၂၀၀၀) နှင့် တောင်သာကျေးရွာသို့ ရေဂါလန် (၆၀၀၀)၊ စုစုပေါင်း ရေဂါလန် (၁၂၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး လာရောက်တွေ့ဆုံ နေပြည်တော် မေလ ၁၁ ရက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E Mr. Nich

နေပြည်တော် မေလ ၁၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E Mr. Nicholas Coppel သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann လာရောက်တွေ့

နေပြည်တော်၊ ၂၀၁၆ မေ ၆
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား ဂျာမနီနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ရုံးချုပ်မှ External Consultant Ms. Birgit Kundermann သည် ယနေ့နံနက် (၁၀)နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းသို့ ရောက်ရှိစစ်ဆေး

စစ်ကိုင်း၊ ဧပြီ ၂၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ကျောင်သား၊ ကျောင်းသူများအား အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများ လိုက်ပါလျက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက် စစ်ဆေးခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဥရောပကော်မရှင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာရုံး (ECHO) မှ Director of Operation ဖြစ်သူ Mr. Jean – Louis de Brouwer လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီလ ၂၅ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဥရောပ ကော်မရှင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာရုံး (ECHO) မှ Director of Operation ဖြစ်သူ Mr. Jean-Louis de Brouwer သည် ယနေ့ နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကို ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဌာနေ ညှိနှိုင်းရေးမှူး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီလ ၆  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien သည် ယနေ့ နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ  ၄      
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

gallery