နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ဥရောပကော်မရှင်၊ Directorate General for European Civil Protection and Humanitarian Aid Operations (ECHO) ရုံး၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက ဌာနမှ ညွှန်ကြားရေးမှူး Ms. Androulla KAMINARA သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့ အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် လိုအပ်သော စားနပ် ရိက္ခာများ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဥရောပ ကော်မရှင်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ပါသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.