
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ဖဖရ(လွိုင်ကော်)ရုံး၊ ဒေသကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။
ထို့သို့ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းဖြင့် ဒေသ၏ ယဉ်ကျေးမှု၊ အမှတ်အသားနှင့် သမိုင်း ဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဒေသခံပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားပေးနိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

