
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀၀'× ၃၀'×၂၄' RC ၂ ထပ် စာသင်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၁၀၀% ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးဦးကျော်မြင့်ဦးနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၁/၁ မိုင်၊ မြေထိန်းနံရံ ၂၁၆၀ ပေ နှစ်ဖက်၊ နှစ်ထပ်စာသင်ဆောင် ၁ ဆောင်၊ ဂါလံ ၁၀၀၀၀ ဆံ့ရေကန် ၁ ကန် လုပ်ငန်းများအား ၁၀၀% အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

