နေပြည်တော် ဧပြီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဦးစီးဌာနရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း အမှတ်စဉ် (၂၈) တွင် စံပြသင်တန်းသားထူးချွန်ဆု ရရှိခဲ့သော ဒုတိယဦးစီးမှူး ဦးမျိုးအောင်သွင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
Post Paragraph
Paragraph Images