နေပြည်တော်၊ မေ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၆၉)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ် (၃၃)နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၁၀၂) သင်တန်းများဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၁၈) ရက်နေ့နံနက် (၈)နာရီတွင် ဗဟိုလေ့ကျင်းရေးကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/သူ စုစုပေါင်းအင်အား (၂၁၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန်၊ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာ စေရန် လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်းသိရှိရပါသည်။